ငြိမ်းချမ်းမှု ပျောက်ဆုံးသွားသော ကောင်းကင်

၂၀၂၁ ခုနှစ်ကတည်းကစလို့ မြန်မာပြည်ရဲ့ ကောင်းကင်ပြာကြီးဟာ ပြည်သူတွေအတွက် တစ်ရက်မှ မလုံခြုံခဲ့ပါဘူး။ တချိန်က အေးချမ်းခဲ့တဲ့ ကောင်းကင်ကြီးဟာ အခုတော့ နေ့တိုင်း ကြောက်လန့်နေရတဲ့၊ ဝေဟင်ကနေ သေမင်းတမန်ဗုံးတွေ ရွာချနေတဲ့ အန္တရာယ်အရှိဆုံး နေရာတခု ဖြစ်လာခဲ့ပါတယ်။ စစ်အုပ်စုဟာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ နဲ့ ဘာသာရေးအဆောက်အအုံတွေလို အကာအကွယ်ပေးထားရမယ့် နေရာတွေကိုပါ လေကြောင်းအင်အားသုံးပြီး စနစ်တကျ ရည်ရွယ်ချက်ရှိရှိ မှိုင်းတိုက်ဖျက်ဆီးနေတာဖြစ်ပါတယ်။ 

ဒီလို လူမဆန်တဲ့ လုပ်ရပ်တွေကို ကမ္ဘာကသိအောင် ဖော်ထုတ်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန  ကနေ “WHEN THE SKY ENABLES ATROCITIES:Junta Aerial Campaign Against Civilians and Crimes Against Humanity in Myanmar” အစီရင်ခံစာကို တရားဝင် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ဒီအစီရင်ခံစာကို အသေးစိတ်ကို  infographic နဲ့လည်း MOHR ရဲ့ official Facebook page မှာ ရယူနိုင်သလို PDF version နဲ့လည်း အောက်ဖော်ပြပါ Drive Link, Website Link (QR codes) များကနေတဆင့်လည်း ရယူနိုင်ပါတယ်။ 

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ 

ဆက်စပ်အကြောင်းအရာများ